အခြေခံ ၀ိပဿနာတရား ဆွေးနွေးပွဲ ဖိတ်ကြားလွှာ

ဓမ္မမိတ်ဆွေလူကြီးမင်းခင်ဗျာ

မန္တလေးမြို့ ၀ိသုဒ္ဓိမဂ် ဓမ္မလမ်း ၀ိပဿနာသင်တန်း ဦးဆောင်နာယက ဆရာ ဒေါက်တာ ဦးစိုးလွင်မှ ၀ိပဿနာတရားများကို မိမိတို့၏ နေ့စဉ်ဘ၀တွင် လက်တွေ့လေ့လာကျင့်သုံးနိုင်ရန်အတွက် မတ္တရာမြို့ အမှတ်(၂) မြို့သစ်ရပ် ဆုထူးပန်ဓမ္မာရုံတွင် ၁၂-၁၂-၂၀၁၈ မှ ၁၄-၁၂-၂၀၁၈ နေ့ထိ (၃)ရက် တိုင်တိုင် နေ့လည် (၁)နာရီမှ (၃)နာရီအထိ အခြေခံဝိပဿနာတရားများကို ဆွေးနွေး သင်ပြပေးမည်ဖြစ်ပါသောကြောင့် လာရောက်နာယူနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


ဒေါက်တာသိန်းလွင်
ရတနာ့ဂုဏ်ရည်ဆေးခန်း
မတ္တရာမြို့။